ရန်ကုန်မြို့ သံဈေးတွင် မီးလောင်မှုဖြစ်ပွား ဆိုင်ခန်း ၄၂ ခန်းမီးလောင်ဆုံးရှုံး၊ လူနေတိုက်ခန်းများမှ ပိတ်မိနေသူများကို ဘေးအန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့
ရန်ကုန်မြို့၊ လသာမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ လမ်းမတော်လမ်းရှိ သံဈေးတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ဈေးဆိုင်ခန်း ၄၂ ခန်း မီးလောင်ဆုံးရှုံးခဲ့ကာ ဈေးအဆောက်အဦ လူနေတိုက်ခန်းများမှ ပိတ်မိနေသူများကို သက်ဆိုင်ရာက ဘေးအန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည်။







