ဖားကန့်မြို့နယ်၌ ကားနှင့်ဆိုင်ကယ်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူအမျိုးသမီး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီခွဲက ကျောက်မျက်တူးဖော်ရေးကုမ္ပဏီယာဉ်နှင့် ဆိုင်ကယ်စီးနင်းလာသူအမျိုးသမီးတစ်ဦး မျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး သေဆုံးခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်၌ နေအိမ်ခြံဝင်းအတွင်း မြေညှိရာမှ ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဘီလူးကျေးရွာ၌ ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက နေအိမ်ခြံဝင်းအတွင်း မြေညှိရာမှ ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ် ညောင်ကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား လူနေအိမ် ၆ လုံး မီးလောင်ဆုံးရှုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း​ .............
ရေးမြို့၌ မီးလောင်မှုဖြစ်ပွား
မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ပုပ္ပါးလမ်း  ထောင့်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ကျိုက်ဖုဘုရာဝင်း ဈေးဆိုင်ခန်းအတွင်း၌ ဖေဖော်ဝါရီ ၁၅ ရက် နေ့နံနက် (၁) နာရီ မိနစ် မိနစ် ၅၀ ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ပြည်မြို့တွင်  LED မီးလုံးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မြဝတီ၊ မဘိမ်း၊ ကွန်ဟိန်း မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

လှိုင်းဘွဲမြို့နယ် ထီလုံ-ဘားအံသွား ကားလမ်းမပေါ်တွင် ဝါယာရှော့ဖြစ်၍ ကုန်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထီလုံ-ဘားအံသွား ကားလမ်းမပေါ် နော်သငဲ့ကျေးရွာအနီးတွင် ယနေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ဝါယာရှော့ဖြစ်၍ (၁၂)ဘီး ကုန်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။