ဗန်းမောက်မြို့နယ် ဇလုံတောင်ဘုရားဖူး ပြန်လာသောယာဉ်တစ်စီး ပင်လည်ဘူးမြို့နယ်တွင် တိမ်းမှောက်၍ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် မိုင်းတုံးတာကြီးနှင့် မိုင်းတုံးတာလေးကျေးရွာကြားတွင် ဗန်းမောက်မြို့နယ် ဇလုံတောင်ဘုရားဖူးမှပြန်လာသော လူ၂၁ ဦးပါ ဘုရားဖူးယာဉ်တစ်စီးတိမ်းမှောက်၍ ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ ၂ ဦးမှာ ဒဏ်ရာထိခိုက်မှုမရှိကြောင်း သိရသည်။







