ဖားကန့်၌ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတစ်ခု မီးလောင်မှုဖြစ်ပွား
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ၊ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် ဆင်ဂေါင်းတောင်ကုမ္ပဏီတွင် ဒီဇင်ဘာ ၁၄ ရက် ညနေ ၆ နာရီခန့်က ကုမ္ပဏီပိုင်မီးစက်နိုးပြီး မိန်းတင်ရာမှ ရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။








