မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီက မံစီမြို့နယ်၊ သံတံတား-မန်သာ ကျေးရွာသွား ကားလမ်းတွင် ကျော်မိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀ဝ နှင့် မြန်မာငွေကျပ် ၄၅,ဝ၀ဝ တို့အား သိမ်းဆည်းရမိခဲ့သည်။