မိုင်းပျဉ်း၊ ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၆၂ ဒသမ ၅ ဧကခန့်ဖျက်ဆီး
ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်မှ တပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁ ရက်က နယ်မြေလုံခြုံရေး လှည့်ကင်းဆောင်ရွက်စဉ် နောင်ကွဲကျေးရွာအနီး အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၆ လက်မခန့် ဘိန်းစိုက်ခင်း ၃ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။








