မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၄ ရက် ည ၁၁ နာရီခွဲက မိုးညှင်းမြို့နယ်၊ မော်ဟန်-နမ္မချီမှော်ကားလမ်းတွင် ထွန်းထွန်းဝင်း မောင်းနှင်ပြီး မချိုထွေး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀ဝ သိမ်းဆည်းရမိခဲ့သည်။