မံစီ၊ သီပေါ၊ မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများနှင့် တူမီးသေနတ်များ ဖမ်းဆီးရမိ 

မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၉ ရက် ညနေ ၆ နာရီ မိနစ် ၂၀ တွင် မံစီမြို့နယ်၊ မံရံကျေးရွာအနီး၊ မံသာကျေးရွာ-မံရံကျေးရွာသွားလမ်းတွင် နိုင်ဦး  မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၀ဝ  သိမ်းဆည်းရမိခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် (အတက်) ကားလမ်း၊ (၁၆)မိုင် စစ်ဆေးရေးစခန်း(အတက်)စင်နေရာမှ ဇွန်လ ၁၈ ရက်က  (ဆန်းသစ်-ခရီး သည် တင်မှန်လုံ(၆)ဘီး၊ ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (ဝ ဒသမ ၄၀ဝ၀)တန်နှင့် ပြစ်မှုကျူးလွန်သူ (၁)ဦး ၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဗန်းမောက်-အင်းတော်သွား ကားလမ်းတွင် HILUX TURBO (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင် တမလန်း တယောအိုး (၁ ဒသမ ၂၉၇၈)တန်၊ ပြစ်မှုကျူးလွန်သူ (၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည်။
မန္တလေးဆေးရုံးကြီးတွင် ပြင်ပလူနာဌာနရှိ အမှိုက်ပုံးထဲမှ မွေးကင်းစကလေးအလောင်းတွေ့
မန္တလေးဆေးရုံကြီး၌ ပြင်ပလူနာဌာနရှိ အမှိုက်ပုံးထဲမှ မွေးကင်းစကလေးအလောင်းကို ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက စည်ပင်အမှိုက်သိမ်းလုပ်သားမှ အမှိုက်ရှင်းနေစဉ် တွေ့ရှိခဲ့သဖြင့် အမှုဖွင့်ထားကြောင်း .........
အရှိန်မထိန်းနိုင်သည့် ဖောကားတစ်စီး နေအိမ်အား ဝင်တိုက်မိမှုဖြစ်ပွား
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ်၊ ကျွဲသိုးမြှောင်ကျေးရွာ၊ မင်းဘူး-မကွေး ကားလမ်း၊ မိုင်တိုင်အမှတ် ၂/၂ နှင့် ၂/၃ ကြားတွင် -------------
ကျောက်ဆည်၊ တောင်ကြီးနှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၁၈) မန္တလေး(တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၈ ရက် နံနက် ၇ နာရီခွဲတွင် ကျောက်ဆည်မြို့၊ ဆည်ထိပ်ထန်းတောရပ်ကွက်နေ မင်းထက်လင်း (ခ) သားသား၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၇၅၃ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 
လားရှိုးမြို့နယ်တွင် မိုးကြိုးပစ်ခတ်စဉ် ဖုန်းဝင်လာ၍ ဖုန်းကိုင်လိုက်ရာမှ မိုးကြိုးစက်ကွင်းမိ၍ သေဆုံးမှုဖြစ်ပွား
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ ဆင်ကြိုင်(လီဆူး)ကျေးရွာတွင် မိုးကြိုးပစ်ခတ်စဉ် ဖုန်းဝင်လာ၍ ဖုန်းကိုင်လိုက်ရာမှ မိုးကြိုးစက်ကွင်းမိ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမေရိကန်ဆိပ်ကမ်းတွင် ကိုကင်း ၁၅ တန် ဖမ်းဆီးရမိ
အမေရိကန် အာဏာပိုင်များက ဖီလာဒယ်ဖီရာ ဆိပ်ကမ်း ကုန်တင်သင်္ဘောတစ်စီးမှ ကိုကင်း ၁၅ တန် ဖမ်းဆီးရမိခြင်းသည် အမေရိကန်နိုင်ငံ သမိုင်းတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အကြီးမားဆုံးဖမ်းဆီးရမိမှု တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။