ရန်ကုန်-မန္တလေး ကားလမ်းတွင် ဆီဘောက်ဆာယာဉ်တိမ်းမှောက် မီးလောင်ကျွမ်းမှုဖြစ်ပွား
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့တောင်ဘက် ၃ မိုင်ခန့်အကွာ ရန်ကုန်- မန္တလေး ကားလမ်းတွင် ယနေ့ နံနက် ၇ နာရီခွဲခန့်က ၁၈ ဘီး ဆီဘောက်ဆာယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။







