ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက လှာကမြင်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်များကျင်းပမည့် ကာဂျစ္စတန်နိုင်ငံသို့ မြန်မာ ယူ-၂၃ အသင်း ရောက်ရှိ
မြန်မာ ယူ-၂၃ အသင်းသည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်များကျင်းပမည့် ကာဂျစ္စတန်နိုင်ငံသို့ အောက်တိုဘာ ၂၆ ရက် နံနက်အစောပိုင်းက ရောက်ရှိခဲ့သည်။
ပရီမီယာလိဂ်ရဲ့ လက်ရှိဂိုးသွင်းအများဆုံး တိုက်စစ်မှူး မိုဟာမက်ဆာလာက လီဗာပူးအသင်းနဲ့ တစ်ပတ်လုပ်ခပေါင် ငါးသိန်းနဲ့ စာချုပ်သစ်ချုပ်ဖို့ ဆန္ဒရှိနေ
ပရီမီယာလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ မိုဟာမက်ဆာလာဟာ လီဗာပူးအသင်းနဲ့အတူ တစ်ပတ်လုပ်ခလစာ ပေါင်ငါးသိန်းနဲ့ စာချုပ်သစ်တစ်ရပ်ကို ထပ်တိုးချုပ်ဆိုဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ကာရာဘောင်ဖလား စတုတ္ထအဆင့် ဝက်စ်ဟမ်းနှင့် မန်စီးတီး ယှဉ်ပြိုင်ကစားမည်
ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနှင့် လက်ရှိချန်ပီယံ မန်စီးတီးအသင်း တို့ ပွဲစဉ်ကို အောက်တိုဘာ ၂၈ ရက် နံနက်တွင် အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ မန်စီးတီး အသင်းသည် ကာရာဘောင်ဖလားကို နည်းပြ ဂွါဒီယိုလာလက်ထက်တွင် ၂၀၁၇-၁၈ ၊ ၂၀၁၈-၁၉ ၊ ၂၀၁၉-၂၀ ၊ ၂၀၂၀-၂၁ လေးနှစ်ဆက် ဆွတ်ခူးရရှိထားသည်။
၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ  နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့်ရ အသင်းအားလုံး စုံလင်စွာ ထွက်ပေါ်
၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စုပွဲစဉ်များမှာ အောက်တိုဘာ ၂၄ ရက်က ပြီးဆုံးသွားပြီ ဖြစ်ပြီး နောက်ဆုံးအဆင့်ယှဉ်ပြိုင်ခွင့်ရသည့် အသင်းအားလုံး စုံလင်စွာထွက်ပေါ်လာပြီဖြစ်သည်။
အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအကြို မြန်မာအသင်း ယူအေအီးနိုင်ငံ၌ ခြေစမ်းပွဲကစား
မြန်မာ ယူ-၂၃ အသင်းသည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ၌ သွားရောက်လေ့ကျင့်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက် ညပိုင်းက ယူအေအီး ပထမတန်းကလပ် Al Jazeera Al Hamra အသင်းနှင့် ခြေစမ်းပွဲကစားရာ နှစ်ဂိုးစီသရေကျခဲ့သည်။
မန်ယူအသင်း လီဗာပူးအသင်းအား အိမ်ကွင်းတွင် ငါးဂိုးပြတ်ရှုံးနိမ့်
ပရီမီယာလိဂ်ပွဲစဉ်(၉)ရဲ့ အကောင်းဆုံးပွဲစဉ် တစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ ပွဲစဉ်ကို အောက်တိုဘာ ၂၄ ရက်ညပိုင်းက မန်ယူအသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက မန်ယူအသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။