မန်စီးတီးကို အနိုင်ယူပြီး ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့သည့် ချယ်ဆီး

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနှင့် ချယ်ဆီးအသင်းတို့ ပွဲစဉ် ကို မေ ၃၀ ရက် နံနက်ပိုင်းက ပေါ်တူဂီနိုင်ငံ ပေါ်တိုရှိ Estadio Do Dragao အားကစားကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်ဆီးအသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဖလားကို ဒုတိယ အကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။
မန်စီးတီးကို အနိုင်ယူပြီး ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့သည့် ချယ်ဆီး

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ဂျပန်နှင့် မြန်မာအသင်း ယနေ့ ယှဉ်ပြိုင်ကစားမည်
၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု (F) ပွဲစဉ်အဖြစ် ဂျပန် လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ မေ ၂၈ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၅၀ တွင် ဂျပန်နိုင်ငံ ချီဘာမြို့ရှိ ဖူကူဒါဒန်ရှိကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မန်ယူအသင်းကိုအနိုင်ရပြီး ဗီလာရီးယဲလ်အသင်း ယူရိုပါလိဂ်ဖလား ပထမဆုံးအကြိမ် ဆွတ်ခူး
ဗီလာရီးယဲလ်အသင်းနဲ့ မန်ယူအသင်းတို့ မေ ၂၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ ဗီလာရီးယဲလ်အသင်းက မန်ယူအသင်းကို အနိုင်ရရှိပြီး ယူရိုပါလိဂ်ဖလားကို ရယူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပဲလေ့စ်တိုက်စစ်ကစားသမား ဇာဟာ ကို အဲဗာတန်နှင့် စပါးအသင်းတို့ ခေါ်ယူရန် ဆန္ဒရှိနေ
ပရီမီယာလိဂ်ကလပ် အဲဗာတန်အသင်းနှင့် စပါးအသင်းတို့သည် ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ခရစ္စတယ် ပဲလေ့စ်တိုက်စစ်ကစားသမားဇာဟာကိုခေါ်ယူရန် ဆန္ဒရှိနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။
မြန်မာအသင်းယှဉ်ပြိုင်မည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများကို မေ ၂၈ ရက်မှ ဇွန် ၁၅ ရက်အတွင်း ကျင်းပမည်
အာရှဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယ အဆင့် အုပ်စုလက်ကျန်ပွဲများကို မေ ၂၈ ရက်မှ ဇွန် ၁၅ ရက်အတွင်း ကျင်းပသွားမည်ဖြစ်သည်။
ဥရောပစူပါလိဂ်အစီအစဉ်တွင် ပါဝင်ပတ်သက်မှုကြောင့် ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ ရီးယဲလ်မက်ဒရစ်တို့ကို ယူအီးအက်ဖ်အေ တရားစွဲဆို
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ဟာ ဘာစီလိုနာအသင်း၊ ဂျူဗင်တပ်အသင်းနဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ကို ဥရောပစူပါလိဂ်အစီအစဉ်တွင် ပါဝင်ပတ်သက်ခဲ့မှုကြောင့် တရားစွဲဆိုမှုတွေ စတင် ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။