၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ချက်များ ထုတ်ပြန်
၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို အောက်တိုဘာနောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်သည် အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ယင်းခြေစစ်ပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။