ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း အူဘာမီယန်၊ ဒီလီအလီ၊ အာရွန်ရမ်ဆေးနဲ့ ဗန်ဒီးဘိခ်တို့ အပြောင်းအရွှေ့ အသီးသီးပြုလုပ်ခဲ့

ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားအများစု အပြောင်းအရွှေ့များဖြစ်ပေါ်ခဲ့ပြီး အဲဒီကစားသမားတွေထဲမှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်၊ စပါးကွင်းလယ်ကစားသမား ဒီလီအလီ၊ ဂျူဗင်တပ်ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးနဲ့ မန်ယူအသင်း ကွင်းလယ်ကစားသမား ဗန်ဒီးဘိခ်တို့ဟာလည်း အသင်းပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ချောင်းဦးမြို့၌ စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ဌာနဆိုင်ရာဝ န်ထမ်းများ စုပေါင်း၍ အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။
မံစီမြို့နယ်၌ စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့၊ ကောင်ရာရပ်ကွက်ရှိ မန်ချက်စတာ(မြက်ခင်းတု) ဖူဆယ်ဘောလုံး အားကစားကွင်း၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက စတင်ယှဉ်ပြိုင်ကြသည်။
​ရေတာရှည်မြို့နယ်၌ စိန်ရတု ပြည်​ထောင်စု​နေ့ အထိမ်းအမှတ် ဌာန​ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
ပဲခူးတိုင်း​ဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ်တွင် (၇၅)နှစ်​မြောက် စိန်ရတု ပြည်​ထောင်စု​နေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွကို ဖေဖော်ဝါရီ ၁ ရက်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
မြိတ်မြို့၌ စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲ ကျင်းပ
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြိတ်မြို့ရှိ ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ခရိုင်အားကစားခန်းမနှင့် ဘောလုံးပြိုင်ပွဲကို
မိတ္ထီလာ၌ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
မိတ္ထီလာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက ပေါက်ချောင်းရပ်ကွက်ရှိ မြို့နယ် အားကစားကွင်းတွင် ကျင်းပခဲ့သည်။
အရှေ့တောင်အာရှနှင့် အာရှဒေသတွင်းအဆင့်မြင့်ဆုံး အားကစားပြိုင်ပွဲနှစ်ခုကို ယခုနှစ်အတွင်း မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်ရမည်
ယခုနှစ်အတွင်းကျင်းပမည့် အရှေ့တောင်အာရှနှင့် အာရှအဆင့် အဆင့်မြင့်ဆုံးအား ကစားပြိုင်ပွဲနှစ်ခု တွင် မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင်း အမြင့်ဆုံးအားကစားပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်းပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်သို့ ပြောင်းလဲကျင်းပရမည်ဖြစ်သောကြောင့် ၂၀၂၂ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲတို့ကို မြန်မာအားကစားအဖွဲ့အနေဖြင့် ပထမဆုံးအကြိမ် တစ်နှစ်အတွင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။