အာဆီယံ ယူ-၁၈ အမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ဖိလစ်ပိုင်ကို အနိုင်ယူပြီး မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရောက်
အင်ဒိုနီးရှားနိုင်ငံ ပလန်ဘမ်မြို့၌ ပြုလုပ်လျက်ရှိသည့် ၂၀၂ အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ဒုတိယနေ့ကို ဇူလိုင် ၂၇ ရက်က ဆက်လက်ကျင်းပရာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။