မန်ယူအသင်း တိုက်စစ်ကစားသမား အန်သိုနီမာရှယ်ကို ဂျူဗင်တပ်စ် ခေါ်ယူလို

ဂျူဗင်တပ်စ်အသင်းသည် မန်ယူအသင်းမှ ပြင်သစ်တိုက်စစ်ကစားသမား အန်သိုနီမာရှယ်ကို ခေါ်ယူလိုနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ သို့သော်လည်း မန်ယူအသင်းက အဆိုပါ ကစားသမားကို ရောင်းထုတ်သွားဖွယ်မရှိကြောင်း သိရသည်။
မဟာယူနိုက်တက်ကို ရန်ကုန်အသင်း ငါးဂိုးပြတ်သွင်း
၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) ဒုတိယ နေ့အဖြစ် ရန်ကုန်အသင်းနှင့် မဟာယူနိုက်တက် အသင်းတို့ ဇူလိုင် ၂၄ ရက်က ယှဉ်ပြိုင်ကစားရာ ရန်ကုန်အသင်းက ငါးဂိုးပြတ် အနိုင်ရခဲ့သည်။
အာဆီယံ ယူ-၁၈ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပထမပွဲ မြန်မာနှင့် မလေးရှားယနေ့ကစားမည်
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီး ချန်ပီယံရှစ်ဘောလုံး ပြိုင်ပွဲအုပ်စု (ခ) ပထမနေ့ကို ဇူလိုင် ၂၅ ရက် (ယနေ့) တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း သည် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မန်စီးတီးကစားသမား ဇင်ချန်ကို အာဆင်နယ်သို့ အပြီးသတ်ပြောင်းရွှေ့
အာဆင်နယ်အသင်းသည် ပြိုင်ဘက်မန်စီးတီးအသင်းမှ စွယ်စုံရ ယူကရိန်းကစားသမား ဇင်ချိန်ကိုကို အပြီးသတ်ခေါ်ယူလိုက်ပြီ ဖြစ်သည်။ အာဆင်နယ်အသင်းသည် အဆိုပါ ကစားသမားကို အပိုဆု ကြေးပေါင် နှစ်သန်းအပါအဝင်ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူရန် သဘော တူညီမှုရရှိခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၌ ကျင်းပပြုလုပ်မည် (၄၄) ကြိမ်မြောက် ကမ္ဘာ့စစ်တုရင် အိုလံပစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု မလှဇမ္ဗူ သွားရောက်ယှဉ်ပြိုင်မည်
အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၌ ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၁၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည့် (၄၄) ကြိမ်မြောက် ကမ္ဘာ့စစ်တုရင် အိုလံပစ်ပြိုင်ပွဲကြီးသို့ မြန်မာအမျိုးသမီးစစ်တုရင် အသင်းမှ မလှဇမ္ဗူက မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
17th Vietnam Amateur Open 2022 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက်အားကစားသမား လှိုင်မင်းထက် တတိယဆုဆွတ်ခူး
ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် 17th Vietnam Amateur Open 2022 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက် အားကစားသမား လှိုင်မင်းထက် ဝင်ရောက်ယှဉ်ပြိုင်ရာ တတိယဆု ဆွတ်ခူးရရှိခဲ့သည်။
ကူကူရယ်လာအတွက် မန်စီးတီး၏ ကမ်းလှမ်းမှုကို ဘရိုက်တန် ပယ်ချ
​​​​​​​ဘရိုက်တန်အသင်းသည် အသင်းမှ ဘယ်ခံစစ်ကစားသမား ကူကူရယ်လာအတွက် မန်စီးတီးအသင်းမှ ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းမှုတစ်ရပ်ကို ပယ်ချလိုက်ကြောင်း သိရသည်။ အသက် ၂၄ နှစ်အရွယ် စပိန်ကစားသမားသည် ပြီးခဲ့သည့်နွေရာသီတွင် စပိန်ကလပ် ဂီတာဖေးအသင်းမှ ဘရိုက်တန်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းနှင့် ငါးနှစ်ရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားသူ ဖြစ်သည်။