၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂၂ အသင်း၏ ပြိုင်ပွဲအကြိုပြင်ဆင်မှုများတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် ဂိုးသမား ဘုန်းသစ္စာမင်းနှင့် နောက်ခံလူ ကျော်သူထွန်းတို့၏ဒဏ်ရာကို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ သွန်ဘူရီဆေးရုံ၌ ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့သည်။ ယင်းကစားသမားနှစ်ဦး၏ ခွဲစိတ်ကုသမှုများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားသည့် ဧရာဝတီဖောင်ဒေးရှင်းက အကုန်အကျခံခွဲစိတ်ကုသပေးခြင်းဖြစ်ပြီး ပြန်လည်ကောင်းမွန်သည်အထိ ဆောင်ရွက်ပေးမည်ဖြစ်သည်။