အမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ မေ ၇ ရက် စတင်မည်

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်များကို မေ ၇ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ 
မြန်မာ ယူ-၁၈ အသင်း ပြန်လည်လေ့ကျင့်
ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ ယူ-၁၈ အသင်းသည် ယနေ့နံနက်ပိုင်းမှစ၍ ပြန်လည်လေ့ကျင့်လျက်ရှိသည်။ မြန်မာ ယူ-၁၈ အသင်းသည် ကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်ပြီး ၂၀၁၉ ရာသီ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ လက်ကျန်ပွဲများ ယှဉ်ပြိုင်ရန်ရှိသောကြောင့် လေ့ကျင့်မှုမရပ်နားဘဲ လေ့ကျင့်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲတွင် မြန်မာနှင့် ဥဇဘက်ကစ္စတန်အသင်း စတင်တွေ့ဆုံ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို ဧပြီ ၂၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းသည် ဥဇဘက်ကစ္စတန်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အကောင်ဆုံးစဉ်ဆက်မပြတ် စနစ်တကျ ဆောင်ရွက်နိုင်မှု(Best Processing Federetion -2019)ဆုကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ရရှိ
အာရပ်စော်ဘွားများပြည်ထောင်စုသမ္မတနိုင်ငံ (UAE)ဒူဘိုင်းမြို့၌ Asia Athletics Association Gala Dinner and Award ဆုပေးပွဲကို ဧပြီ၂၂ရက်က ကျင်းပခဲ့ရာ
ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ ယူ-၁၈ အသင်း ပြန်လည်ရောက်ရှိ
ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ ယူ-၁၈ အသင်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဆွေမျိုးမိတ်သင်္ဂဟများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်သည်။
မြန်မာနှင့် စင်ကာပူအသင်း စင်ကာပူနိုင်ငံ၌ ခြေစမ်းမည်
မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်ကာပူ လက်ရွေးစင်အသင်းသည် စင်ကာပူနိုင်ငံ၌ ခြေစမ်းပွဲကစားရန် နှစ်ဖက်ဘောလုံး အဖွဲ့ချုပ် သဘောတူညီမှုရခဲ့သည်။ ယင်းခြေစမ်းပွဲကို ဇွန် ၁၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ် ရာဒူလိုဗစ်အား မိတ်ဆက်ပွဲကျင်းပ