အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မြန်မာနှင့် နီပေါ ကစားမည်
အိန္ဒိယဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ အိန္ဒိယဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁၅ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် နီပေါအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။