မြန်မာ ယူ-၂၂ အသင်း၏ ပဏာမလူစာရင်း ၃၀ အထိရှိလာပြီး ဧရာဝတီနှင့် ခြေစမ်းမည်
၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ကစားသမားများ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဒဏ်ရာရကစားသမား တစ်ဦးကို ပြန်လည်စေလွှတ်ကာ သုံးဦးအားဖြည့်ခဲ့သည်။ ထို့ကြောင့် မြန်မာ ယူ-၂၂ အသင်း၏ ပဏာမလူစာရင်းမှာ ၃၀ အထိရှိလာပြီး ဧရာဝတီအသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားသည်။