ဗီယက်နမ်နိုင်ငံနှင့် စင်ကာပူနိုင်ငံ၌ကျင်းပမည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်
၂၀၁၉ ခုနှစ် ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ ဗီယက်နမ်နိုင်ငံ KM CAM RANH Golf Links (KHANH HOA) ၌ ကျင်းပမည့် 15th VIETNAM AMATEUR OPEN 2019 (VAO) ပြိုင်ပွဲနှင့် 8th VIETNAM LADIES AMATEUR OPEN 2019 (VLAO) ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက် ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။








