နိုင်ဂျီးရီးယားအသင်းနည်းပြ အီဂွါဗိုအန် အသင်းနည်းပြအဖြစ်မှ နုတ်ထွက်
နိုင်ဂျီးရီးယားအသင်းနည်းပြ အီဂွါဗိုအန်ဟာ နိုင်ဂျီးရီးယားအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် နည်းပြအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီဖြစ်ပါတယ်။
ကမ္ဘာ့နံပါတ်(၁)တင်းနစ်မယ်ဟောင်း အိုဆာကာ မိုင်ယာမီအိုးပင်းဆီမီးဖိုင်နယ်အဆင့် တက်လှမ်း
ကမ္ဘာ့နံပါတ်(၁) တင်းနစ်မယ်ဟောင်း နာအိုမီအိုဆာကာနဲ့ အမေရိကန်တင်းနစ်မယ် ဒန်နီယယ်လီ ကိုလ်လင်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မိုင်ယာမီအိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း ကွာတား ဖိုင်နယ်အဆင့်မှာ အိုဆာကာက ဒန်နီယယ်လီကိုလ်လင်ကို အနိုင်ရရှိခဲ့တာကြောင့် မိုင်ယာမီအိုးပင်းဆီမီး ဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
အိုလက်ဆန်းဒါးယူဆစ်နဲ့ ဂျိုရှူယာတို့ရဲ့ ဟဲဗီးဝိတ်မကျေပွဲ ဇွန်လအတွင်း ဆော်ဒီအာရေဗျနိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ်မည်
ယူကရိန်း လက်ဝှေ့ကျော် အိုလက်ဆန်းဒါးယူဆစ်နဲ့ ဗြိတိန်ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား ဂျိုရှူယာတို့ ဇွန်လနောက်ပိုင်းမှာ ယှဉ်ပြိုင်ထိုးသတ်မယ့် ဟဲဗီးဝိတ်မကျေပွဲကို ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပသွားမှာဖြစ်တယ်လို့ ယူကရိန်းနိုင်ငံရဲ့ ပြိုင်ပွဲစီစဉ်သူ အလက်ဇန်းဒါးကရက်ယွတ်ခ်က ပြောကြား ခဲ့ပါတယ်။
ပီအက်စ်ဂျီအမျိုးသမီးအသင်း အမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ် တက်လှမ်း
ပီအက်စ်ဂျီအမျိုးသမီးအသင်းနဲ့ ဘိုင်ယန်မြူးနစ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အမျိုးသမီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ပီအက်စ်ဗွီအသင်းနည်းပြဖြစ်လာတော့မယ့် နစ္စတယ်ရွိုင်း
မန်ယူအသင်းတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းဟာ လာမယ့် နွေရာသီကာလအတွင်းမှာ ပီအက်စ်ဗွီ အသင်းနည်းပြဖြစ်လာတော့မှာဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပေါ်တူဂီနှင့် ပိုလန်တို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ရှုံးထွက်အဆင့် ဗိုလ်လုပွဲစဉ်အဖြစ် ပေါ်တူဂီနှင့် မြောက်မက်ဆီ ဒိုးနီးယား၊ ပိုလန်နှင့် ဆွီဒင်အသင်းတို့ပွဲစဉ်ကို မတ် ၃၀ ရက်နံနက်ပိုင်းက အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရာ ပေါ်တူဂီအသင်းနှင့် ပိုလန်အသင်းတို့ အနိုင်ရရှိပြီး ကာတာနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်သည်။