အက်ဖ်အေဖလားဆီမီးဖိုင်နယ်တွင် မန်စီးတီးကို လီဗာပူးကနိုင်ပြီး ချယ်ဆီးက ပဲလေ့စ်ကို အနိုင်ယူ

အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှ မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ပွဲစဉ်ကို ဧပြီ ၁၆ ရက် ညပိုင်းက ဝင်ဘလေကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး အက်ဖ်အေဖလားပြိုင်ပွဲဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲအကြို ယူအေအီးနိုင်ငံ၌ လေ့ကျင့်ရန် မြန်မာ ယူ-၂၂ အသင်း ထွက်ခွာ
မြန်မာ ယူ-၂၂ အသင်းသည် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအကြို ယူအေအီးနိုင်ငံ၌ လေ့ကျင့် မှုပြုလုပ်ရန် ဧပြီ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှတစ်ဆင့် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့သို့ ထွက်ခွာသွားသည်။
ပီအက်စ်ဂျီအသင်းနဲ့ အင်တာမီလန်အသင်းတို့က စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူးလူကာကူကို အသင်းမှ ထွက်ခွာခွင့်ပြုရန် ချယ်လ်ဆီးပြင်ဆင်
ချယ်လ်ဆီးအသင်း တိုက်စစ်မှူး လူကာကူကို အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းနဲ့ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ချယ်လ်ဆီး အသင်းဟာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ လူကာကူကို ယခုနွေရာသီ အပြောင်းအရွှေ့ ကာလအတွင်းမှာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေတယ်လို့  သိရပါတယ်။
ပဲခူးမြို့၌ နွေရာသီ အခြေခံအားကစား သင်တန်းဆင်း

ပဲခူး ဧပြီ ၁၂

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု (က)တွင် ကျရောက်
(၃၁) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ယမန်နေ့ကပြုလုပ်ခဲ့ရာ မြန်မာအသင်းသည် အုပ်စု (က)တွင် ကျရောက်ခဲ့သည်။
ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲ ကျင်းပ
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ယမန်နေ့က ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် ရီးရဲမက်ဒရစ်နှင့် ဗီလာရီးရဲတို့ အနိုင်ရပြီး နောက်တစ်ဆင့်တက်ရန် အခွင့်ကောင်းများပိုင်ဆိုင်ခဲ့
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှ ချယ်ဆီးနှင့် ရီးရဲမက်ဒရစ်၊ ဗီလာရီးရဲနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ပွဲစဉ်ကို ဧပြီ ၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲမက်ဒရစ်၊ ဗီလာရီးရဲအသင်းတို့ အနိုင်ရရှိကာ နောက်တစ်ဆင့်တက်ရောက်ရန် အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့သည်။