ယူအေအီးကလပ်အသင်းကို မြန်မာအသင်း အနိုင်ရ

ဆီးဂိမ်းပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် ဧပြီ ၂၃ ရက်က ယူအေအီး ပရိုလိဂ်ကလပ် Sharjah အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
စတုဂတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆာဘယ်လင်ကာကို အနိုင်ရရှိပြီး ဆွီယာတက်ခ် ဆွတ်ခူး
ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်သည် စတုဂတ်အိုးပင်းတင်းနစ် ပြိုင်ပွဲတွင် ဘယ်လာရုစ် တင်းနစ် မယ် ဆာဘယ်လင်ကာကို အနိုင်ရရှိပြီး လေးကြိမ်ဆက် ဖလားဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တင်းနစ်မယ်သည် ယခု ဖလားမဆွတ်ခူးမီ ဒိုဟာဖလား၊ အင်ဒီးယန်းဝဲလ်ဖလားနှင့် မီယာမီ ဖလားတို့ကို ဆွတ်ခူးထားသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (၁/၂၀၂၂) သင်တန်းနှင့် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော်၊ ဧပြီ ၂၅

NSDF ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ မြန်မာအသင်း သုံးပွဲဆက်တိုက် ရှုံးပွဲကြုံ
NSDF ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲအုပ်စုစတုတ္ထနေ့ကို ဧပြီ ၂၄ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ရှုံးပွဲဆက်ခဲ့သည်။
ဗလင်စီယာကို အနိုင်ယူပြီး ကိုပါဒယ်ရေးဖလား ဆွတ်ခူးနိုင်ခဲ့သည့် ဘက်တစ်
စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရီးရဲဘက်တစ် အသင်းနှင့် ဗလင်စီယာအသင်းတို့ ပွဲစဉ်ကို ဧပြီ ၂၄ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ပယ်နယ်တီအဆုံးအဖြတ်တွင် ဘက်တစ် အသင်းက ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲအကြို တောင်ကိုရီးယားနိုင်ငံ၌ ခြေစမ်းပွဲကစားရန် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်း ထွက်ခွာ
(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် တောင်ကိုရီးယားနိုင်ငံ၌ ခြေစမ်းပွဲများကစားရန် ဧပြီ ၂၄ ရက် နံနက်ပိုင်းက ထွက်ခွာ သွားသည်။
ပရီမီယာလိဂ်ပွဲစဉ် (၃၄) တွင် ပူလီဆစ်၏ နောက်ကျသွင်းဂိုးဖြင့် ဝက်စ်ဟမ်းကို ချယ်ဆီးအနိုင်ရ
ချယ်ဆီးအသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့၏ ပရီမီယာလိဂ်ပွဲစဉ် (၃၄) ကို ဧပြီ ၂၄ ရက် ညပိုင်းက ချယ်ဆီးအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်ဆီးအသင်းက ပူလီဆစ်၏ နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။