မယော့ကာကို အနိုင်ယူပြီး အိမ်ကွင်းသုံးပွဲဆက်ရှုံးနိမ့်မှုကို ချေဖျက်နိုင်ခဲ့သည့် ဘာစီလိုနာ
လာလီဂါပွဲစဉ် (၃၄) မှ ဘာစီလိုနာနှင့် မမော့ကာအသင်းတို့ပွဲစဉ်ကို မေ ၂ ရက် နံနက်ပိုင်းက နူးကမ့်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေး ဇယားအဆင့် (၂) နေရာကို တက်လှမ်းနိုင်ခဲ့သည်။