(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားအဖွဲ့များ ထွက်ခွာ

၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားအဖွဲ့များ သည် မေ ၄ ရက် နံနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။
ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ မေ ၆ ရက်တွင် စတင်ကျင်းပမည်
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။
မြန်မာအမျိုးသားဘောလုံးအသင်း ကစားသမားအစုံအလင်ဖြင့် ဗီယက်နမ်နိုင်ငံ၌ စတင်လေ့ကျင့်
မြန်မာအမျိုးသား ဘောလုံး အသင်းသည် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့် ဗီယက်နမ်နိုင်ငံ၌ မေ ၃ ရက်မှ စ၍ ကစားသမားအစုံအလင်ဖြင့် လေ့ကျင့်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် တောင်ကိုရီးယား ယူ-၂၀ အသင်း ထပ်မံခြေစမ်း
(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် တောင်ကိုရီးယားနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် မေ ၃ ရက်က တောင်ကိုရီး ယား ယူ-၂၀ အမျိုးသမီးအသင်းနှင့် ထပ်မံခြေစမ်းကစားခဲ့သည်။
အိုးထရက်ဖို့ဒ်မှာ တိုက်စစ်ခြေစွမ်းပြကာ ဘရန့်ဖို့ဒ်ကို ဂိုးပြတ်အနိုင်ယူခဲ့သည့် မန်ယူ
ပရီမီယာလိဂ်ပွဲစဉ် (၃၅)မှ မန်ယူအသင်းနှင့် ဘရန့်ဖို့ဒ်အသင်းတို့ ပွဲစဉ်ကို မေ ၃ ရက် နံနက်ပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ မန်ယူအသင်းက သုံးဂိုး - ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင် ရရှိသည်။ အဆိုပါ ပွဲစဉ်သည် ယာယီနည်းပြ ရန်းနစ်ခ် တာဝန်ယူကိုင်တွယ်သည့် ပွဲစဉ်များ အနက် ဂိုးအပြတ်ဆုံး နိုင်ပွဲတစ်ပွဲ ဖြစ်လာခဲ့သလို နောက်ဆုံး အိမ်ကွင်း ပွဲစဉ်လည်းဖြစ်သည်။
ဆီးဂိမ်းအမျိုးသမီး ဖူဆယ်ပြိုင်ပွဲမှ အင်ဒိုနီးရှား နုတ်ထွက်ခဲ့သဖြင့် မြန်မာအပါအဝင် လေးသင်းသာ ယှဉ်ပြိုင်ရမည်
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင်
ဘောလုံးအကယ်ဒမီသုံးခုအတွက် လူရွေးပွဲများ ကျင်းပမည်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်လျက်ရှိသည့် ဘောလုံးအကယ်ဒမီသုံးခုအတွက် လူရွေးပွဲများ ကို ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်သည်။