လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်း နိစ်ကို ရှုံးနိမ့်ခဲ့သောကြောင့် ပြင်သစ်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရ
ပီအက်စ်ဂျီအသင်းနှင့် နိစ်အသင်းတို့၏ ပြင်သစ်ဖလား ၁၆ သင်း အဆင့်ပွဲစဉ်ကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ပီအက်စ်ဂျီကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းအနေဖြင့် နိစ်အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီဖြစ်သည်။ အဆိုပါပွဲစဉ်တွင် သာမန်ပွဲ ကစားချိန်အတွင်း ဂိုးမရှိသရေကျနေ၍ ပယ်နယ်တီအဆုံး အဖြတ်ခံယူခဲ့ရပြီး ပယ်နယ်တီအဆုံး အဖြတ်တွင် ငါးဂိုး- ခြောက်ဂိုးဖြင့် နိစ်အသင်းက အနိုင်ရရှိကာ ပြင်သစ်ဖလား ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။