ရုတ်တရက်ကျောက်ကပ်ပျက်စီးတယ်ဆိုတာ ကျောက်ကပ်က ရုတ်တရက် သူ့အလုပ်ကို မလုပ်နိုင် တော့တာပါ။ နည်းနည်းပျက်စီးတာလဲ ဖြစ်နိုင်သလို လုံးဝအလုပ်မလုပ်နိုင်တာလဲ ဖြစ်ပါတယ်။ ရုတ်တရက် ကျောက်ကပ်ပျက်စီးတာက ကျောက်ကပ်ကိုယ်တိုင်မကောင်းတာကြောင့် ဖြစ်နိုင်သလို တခြားအကြောင်းအရင်း တစ်ခုကြောင့် ကျောက်ကပ်မှာ နောက်ဆက်တွဲလာထိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါက အသက်ကြီးပြီး ရောဂါအခံတစ်ခုခုရှိတဲ့သူတွေ၊ နဂိုတည်းက ကျောက်ကပ် မကောင်းတဲ့ သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ရုတ်တရက်ကျောက်ကပ်ပျက်စီးတာက မြန်မြန်သိ မြန်မြန်ကုနိုင်ရင် ပိုကောင်းပါတယ်။ မကုနိုင်ရင် ကိုယ်ထဲမှာ ဓာတ်ဆားတွေ၊ အညစ်အကြေးတွေ ပုံလာပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်လာမှာပါ။ ကျောက်ကပ်လုံးဝ အလုပ်မလုပ် တော့ရင်တော့ ကျောက်ကပ်ဆေးရမှာပါ။ မဟုတ်ရင် အသက်အန္တရာယ်ရှိပါ