ကျောက်ထု၌ စားသုံးရန်မသင့်သည့် ခေါက်ဆွဲထုပ်များ သိမ်းဆည်း
ဂန့်ဂေါခရိုင် ကျောက်ထုမြို့၌ ယနေ့နံနက်ပိုင်းက စားသောက်ကုန် ရောင်းဝယ်သည့်ဆိုင်များအား စစ်ဆေးခဲ့ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်မှုမရှိသည့် စားသောက်ကုန်များအား သိမ်းဆည်းခဲ့ကြောင်း သိရသည်။







