အေးတဲ့ရာသီမှာ ဂရုစိုက်ရမယ်ဆိုပြီး ကလေးငယ်လေးကို စောင်တွေအထပ်ထပ်လည်း ပတ်မထားပါနဲ့နော်။ ကလေးတွေအိပ်နေရင်း ရုတ်တရက်သေဆုံးတတ်တဲ့(Sudden Infant Death Syndrome – SIDS)ရောဂါအန္တရာယ်ကို ဖြစ်နိုင်ခြေနည်းစေဖို့ ကလေးကိုသိပ်ရင် ခေါင်းအုံးတွေ၊ စောင်တွေ ထည့်သိပ်တာ သိပ်မများသင့်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားပါတယ်။