အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ သွေးတွင်းသကြားဓါတ်မြင့်တတ်စေနိုင်တဲ့ အရာလေးတွေ
ခန္ဓါကိုယ်ကျန်းမာနေစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်စုံနေဖို့ လိုပါမယ်။ ဒီလို ပြည့်စုံနေဖို့လိုတဲ့အထဲမှာ အချိုဓါတ်ကလည်းမေ့ထားလို့ မဖြစ်ပါဘူး။ ဒါပေမယ့် အချိုဓါတ်က လိုတာထက်ပိုများနေရင်လည်း ခန္ဓါကိုယ်အတွက်မကောင်းတာအမှန်ပါ။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လုပ်မိတဲ့ အလေ့အထတွေကြောင့် မလိုအပ်ဘဲ သွေးတွင်း သကြားဓါတ်မြင့်တက်မှု ဖြစ်စဉ်တွေမဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ








