အဆီမြန်မြန်ကျချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ
ဒီဘက်ခေတ်ထဲမှာ ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ အဆီကျဖို့ ကြိုးစားလာကြတယ်နော်။ အဓိကကတော့ အလှအပကို ပိုပြီး ဦးစားပေးလာကြတယ်လို့ ထင်ရပေမယ့် ကျန်းမာရေးဘက်က ကြည့်ရင်း ကိုယ်ခန္ဓါတွင်းက မကောင်းတဲ့ အဆီပိုတွေကို အမြန်ချဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဆီတွေက ကိုယ်ထဲမှာ နေတာကြာလာတာနဲ့အမျှ အဝလွန်လာမယ်၊ ကိုယ်အလေးချိန် တိုးလာမယ်၊ ကွှကျသားတွေ လျော့တိလျော့ရဲ ဖြစ်လာမယ်၊ နောက်ဆက်တွဲအနေနဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်လာမယ်၊ ကင်ဆာရောဂါ တချို့ဖြစ်နိုင်ခြေပါ မြင့်တက်လာ








