ပြီးပြီဆိုတာနဲ့ မေမေတို့ ခေါင်းထဲ အရင်ဆုံးရောက်လာတာ နောက်ကိုယ်ဝန်ကို ဘယ်အချိန်ကျမှ ယူမယ်ဆိုတဲ့ အတွေးတွေပဲဖြစ်ပါတယ်။ ရင်သွေး တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ ၂ နှစ်ခြားတာက အကောင်းဆုံးလေ။ ဒီကြားထဲ မရည်ရွယ်ဘဲ သားဦးလေး ၂ နှစ်မပြည့်ခင်မှာ နောက်ကိုယ်ဝန်ရသွားတဲ့ အဖြစ်အပျက်တွေကလည်း ရှိတော့ မီးဖွားပြီးတာနဲ့ သားဆက်ခြားဖို့၊ သန္ဓေတားနည်း တွေလုပ်ဖို့ စပြီးစဉ်းစားရတာပေါ့။ ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာ လူသုံး အများဆုံးနဲ့ သုံးရ အလွယ်ကူဆုံးဖြစ်တဲ့ သန္ဓေတားသောက်ဆေးကို မီးဖွားပြီး ဘယ်အချိန်မှာ ပြန်စသောက်ရမလဲဆိုတဲ့အကြောင်း လေး ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။