မိန်းကလေးတို့ရေ မနက်ခင်း အလုပ်သွား အပြင်သွားတဲ့အခါမှာ မိတ်ကပ်လေးတွေ အဆင့်ဆင့် လိမ်းကြတယ် မဟုတ်လား။ မိတ်ကပ်တွေ မကွက်ဖို့၊ ကြာရှည်ခံဖို့ဆိုတာကလည်း အသားအရေကောင်းမှဖြစ်မှာပါ။ ဒီတော့ အသားအရေကောင်းဖို့ဆိုရင် မိတ်ကပ်ထက် အသားအရေ ထိန်းပစ္စည်းတွေ သုံးဖို့ လိုပါတယ်။ ခုခေတ်မှာ အသားအရေ ထိန်းသိမ်းခြင်းကိုလည်း တော်တော်များများပြုလုပ်လာကြပါပြီ။ ထိန်းသိမ်းတဲ့အခါမှာ နည်းလမ်းမှန်မှန်လေး ထိန်းသိမ်းဖို့တော့ လိုပါတယ်နော်။ ဒါမှ အသားအရေ မပျက်စီးဘဲနဲ့ ပိုမိုကောင်းမွန်တဲ့ အကျိုး သက်ရောက်မှုတွေ ဖြစ်လာမှာပါ။ မနက်ခင်းမှာ မိတ်ကပ်အဆင့်ဆင့် လိမ်းကြသလိုပဲ ညဘက်ရောက်တဲ့အခါမှာလည်း အဆင်ဆင့် အသားအရေ ထိန်းဖို့လိုတာမို့ တစ်ဆင့်ချင်းစီ ကြည့်ကြည့်ပါဦးနေ