နှလုံးမှာ မကျန်းမမာဖြစ်တဲ့ နှလုံးရောဂါတွေက အမျိုးအစား အများကြီးရှိပါတယ်။ ဒါပေမယ့် တချို့အမျိုးအစားတွေက အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်သလို မိန်းကလေးနဲ့ ယောကျာ်းလေးမှာ လက္ခဏာတွေကလည်း ကွာခြားတတ်ပါသေးတယ်။ ဒီတော့ ကျွန်မတို့ မိန်းကလေးတွေ ကိုယ့်နှလုံးရဲ့ ကျန်းမာရေးအတွက် သိထားသင့်တဲ့အချက်လေးတွေ လေ့လာကြည့်ဖို့လိုပါတယ်။ ဒါမှပဲ ကြောက်စရာကောင်းတဲ့ နှလုံးရောဂါအန္တရာယ်ကို ကာကွယ်နိုင်မယ်၊ စောစောကုသနိုင်မယ်လေ။