လူအများရှေ့မှာ စကားထွက်ပြောဖို့ ကြောက်တဲ့ ပြဿနာ
ကြောက်ရွံ့ခြင်း စိတ်ဝေဒနာထဲမှာမှ Glossophobia လို့ခေါ်တဲ့ လူရှေ့မှာ စကားထွက်ပြောဖို့ ကြောက်တဲ့ စိတ်ရောဂါဟာ တော်တော်လေး အဖြစ်များပါတယ်။ စိုးရိမ်စရာ စိတ်ကျန်းမာရေး ပြဿနာတော့ မဟုတ်ပေမဲ့ ဝေဒနာခံစားရသူအတွက် နေ့စဉ်လူမှုရေး၊ အလုပ်ခွင်၊ ကျောင်းပတ်ဝန်းကျင်မှာ တော်တော်လေး စိတ်ကသိကအောက်နိုင်ပြီး စိတ်ထဲ မလုံသလို ဖြစ်နေတတ်ပါတယ်။