အင်တာနက်စွဲလမ်းခြင်းပြဿနာ
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြားလာနေရ စကားကတော့ စမတ်ဖုန်းနဲ့ ကွန်ပျူတာတွေကို အလွန်အကျွံ သုံးစွဲနေမိပြီ ဆိုတာပါပဲ။ အမေရိကန်နိုင်ငံရဲ့ စစ်တမ်းတစ်စောင်အရ လူတစ်ယောက်ရဲ့ ပျမ်းမျှ အင်တာနက်သုံးစွဲမှုဟာ တစ်နေ့မှာ ၁၁ နာရီ ရှိနေတယ်လို့ သိရပါတယ်။ စိတ်ပညာ နယ်ပယ်မှာတော့ အင်တာနက် စွဲလမ်းခြင်းပြဿနာ internet addiction disorder (IAD) ကို ရောဂါတခုအနေနဲ့တော့ မသတ်မှတ်ထားသေးပါဘူး