မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်များမှတ်တမ်း သမိုင်းဝင် ကြေးပိဿာချိန်(၆၅၀)ရှိ မဟာမေဃဝဇ္ဇိသန္ဒဝန် ခေါင်းလောင်းတော်
သမိုင်းအမွေအနှစ်ပစ္စည်းများသည် လူမျိုးတစ်မျိုးအတွက် အဖိုးမဖြတ်နိုင်သော ပစ္စည်းများပင်ဖြစ်သည်။ မြန်မာနိုင်ငံ သည် သမိုင်းအမွေအနှစ်ပစ္စည်းများ ယဉ်ကျေးမှုလက်ရာ မြောက်ပစ္စည်းများစွာရှိသည်။ လူငယ်များအနေဖြင့် သမိုင်းတန်ဖိုးကိုနားလည်ကာ လက်ဆင့်ကမ်းထိန်းသိမ်းရန် လိုအပ်လှသည်။







