အမရပူရနန်းမြို့ဟောင်း၏ ယဉ်ကျေးမှုအမွေအနှစ် လက်ရာများအား တစ်စုတစ်ဝေးတည်း သွားရောက်လေ့လာနိုင်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရမြို့နယ်တွင် သက္ကရာဇ် ၁၁၄၄ ခုနှစ်၌ ဘိုးတော်(ဗဒုံမင်း) ပထမဆုံး စတင်နန်းမြို့တည်ထောင်စိုးစံခဲ့ပြီး မင်းခုနစ်ဆက် ထီးနန်းစိုက်ခဲ့သည့် အမရပူရ နန်းမြို့တော်ဟောင်း၏ ယဉ်ကျေးမှုအမွေအနှစ်များကို ၎င်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး တမာတန်းလမ်းရှိ အမှတ်(၂) ပင်မအလုပ်ရုံ(လျှပ်-စက်) ပလစ-၂ အတွင်း၌ တစ်စုတစ်ဝေးတည်း သွားရောက်လေ့လာနိုင်ကြောင်း အမရပူရ မြို့နယ်အတွင်းရှိ မှန်တန်းကွက်သစ်တွင် နေထိုင်သည့် အသက် ၇၀ အရွယ်ရှိ ဦးဘအေးက ပြောသည်။