နေပြည်တော်  ၅  ဇူလိုင်

 

ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းတောင့်တရာဖြစ်သော ထာဝရငြိမ်းချမ်းရေး ဖြစ်သည့် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး  ထာဝရငြိမ်းချမ်းရေး ရရှိရေးတို့ကို ရည်သန်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ထာဝရငြိမ်းချမ်းရေး စေတီတော် ပရိဝုဏ်အတွင်းတွင် ရွှေပါရမိတောရ ဆရာတော် ဘဒ္ဒန္တ ဆန္ဒာဓိက၏ မတည်လှူဒါန်းမှု၊ ၇ ရက် သားသမီး အလှူရှင်များ၏ ပေါင်းစုကောင်းမှုဖြင့် ထာဝရငြိမ်းချမ်းရေးစေတီတော်ကြီးကို တည်ထားလျက် ရှိပါသည်။

 

သို့ဖြစ်ပါ၍ ထာဝရငြိမ်းချမ်းရေးဖြစ်သော မြတ်နိဗ္ဗာန်ချမ်းသာကို မျက်မှောက်မျက်မြင် ရရှိစေနိုင်ရန်၊ နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရေးတွင် သဒ္ဓါတတ်အားနည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းလိုပါက အောက်ဖော်ပြပါ နေရာများသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။

 

Upload Ca

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန