နေပြည်တော် ၂၇ ဩဂုတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ဝန်ထမ်းမိသားစုများက ထာဝရငြိမ်းချမ်းရေး စေတီတော်အတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ဩဂုတ် ၂၆ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် သစ်တောဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ စုပေါင်းလှူဒါန်းငွေ ကျပ် (၇၇၇၇၇၇၇) အား သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးအပ်လှူဒါန်းရာ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


