နေပြည်တော် ၆ ဇွန်
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီး ထာဝရငြိမ်းချမ်းရေးစေတီတော် ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် ထာဝရ ငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးအတွက် အမှတ်(၁၂၇/အေ) ဓမ္မစေတီလမ်း (၁၀)ရပ်ကွက် ကမာရွတ်မြို့နယ် ရန်ကုန်မြို့နေ ဒေါက်တာအောင်ကျော်ဝင်း+ ဒေါက်တာသက်သက်ခိုင်တို့မှ အလှူငွေကျပ် သိန်း ၃၅၀ နှင့် သာသာနပြုဆေးပဒေသာပင်အတွက် ရန်ပုံငွေကျပ် သိန်း ၃၅၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ အလှူငွေများ လက်ခံရယူခဲ့သည်။
အဆိုပါ အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
