ရန်ကုန် ၂၂ မေ


ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းရှိ ထာဝရငြိမ်းချမ်းရေး စေတီတော်တည်ထား ကိုးကွယ်ရန်အတွက် အလှူငွေများပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲကရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်၌ ကျင်းပသည်။


အခမ်းအနားတွင် အလှူရှင် သုဓမ္မသိင်္ဂီ ဒေါ်လယ်လယ်အောင်(ခ)Linda Hla (ခ) တေးသံရှင် ကြာညိုသွယ်က ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူငွေကျပ်သိန်း ၂၀ဝ နှင့် ပရိယတ္တိစာအောင်ဆုငွေပဒေသာပင်အတွက် အလှူငွေကျပ် သိန်း၂၀ တို့ကို ပေးအပ်လှူဒါန်းရာသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။


(သတင်းစဉ်)