ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Joint Task Force Meeting အစည်းအဝေးကျင်းပ 

နေပြည်တော်  ၃၀   မေ 


    
ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မြန်မာ-ထိုင်းနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စ ရပ်များနှင့် စီမံကိန်းဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ပြီး မြန်မာ-ထိုင်း Joint Task Force အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Royal Orchid Sheraton Hotel တွင် မေ ၂၈ ရက်၌ ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး ခေါင်းဆောင်၍ ထားဝယ်အထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၂)၊ ဒေါက်တာမြင့်ဆန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

57rr


    
အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ထိရောက်စွာဖြေရှင်းနိုင်မည့် နည်း လမ်းများ၊ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကျင်းပမည့် ဝန်ကြီးအဆင့် Joint Coordination Committee – JCC နှင့် မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရအဆင့်မြင့်ကော်မတီ Joint Higher Committee – JHC တို့ ကျင်းပနိုင်ရေး၊ စက်မှုဇုန်များ စတင်ထူထောင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ ကြသည်။


    
ထို့အပြင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရန်ပုံငွေရှာဖွေရေး၊ ရင်းနှီး မြှုပ်နှံသူများ ဖိတ်ခေါ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော်ရေးတို့အတွက် မြန်မာ၊ ထိုင်းနှင့် ဂျပန်အစိုးရတို့ဘက်မှ ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ပါဝင်ဖွဲ့စည်းထားသော ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (Special Purpose Vehicle – SPV) ၏ လုပ်ငန်းများအား ထိရောက်စွာဆောင်ရွက်နိုင်ရေး နည်းလမ်းတို့ကို အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)