ထားဝယ်   ၅   စက်တင်ဘာ  

 

တနင်္ဿာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး များနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများ ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၄ ရက်က KTV စားသောက်ဆိုင်များကို COVID-19 ကာလအတွင်း ကူးစက် ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် တားမြစ်ထားသည့် ဒေသန္တရအမိန့်များအပေါ် လိုက်နာခြင်းရှိ/မရှိ စိစစ်အရေးယူနိုင်ရေးအတွက် ဝင်ရောက်စစ်ဆေးခြင်းများနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

(ရဲပြန်ကြား)