နေပြည်တော်၊ ဇန်နဝါရီ ၁၉

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မောင်မယ်ရှောင်ကျေးရွာအနီးတွင် ဇန်နဝါရီ ၁၈ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံဆယ်နဲ့ချီကို ဖမ်းဆီးခဲ့ကြောင်းနှင့် မောင်မယ်ရှောင်ကျေးရွာမှ ဆိုင်ကယ် ခုနစ်စီးထက်မနည်း ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

 

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေမှလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ယင်းရက်နေ့တွင် မောင်မယ်ရှောင်ကျေးရွာအနီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ဒေသခံ ပြည်သူများအား  ဖမ်းဆီးခဲ့ခြင်းမရှိကြောင်းနှင့် ပြည်သူများ၏ ပစ္စည်းဥစ္စာများကို ယူဆောင်ခြင်းမရှိကြောင်း သိရသည်။

 

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများက အထင်အမြင်လွဲမှားစေရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန်အတွက်  တရားမဝင် ပြည်ဖျက် မီဒီယာများက ဖြစ်စဉ်၊ ဖြစ်ရပ်များကို အခြေခံ၍ ၎င်းတို့လိုရာရေးသားပြီး သတင်းအမှားများကို လူမှုကွန်ရက်တွင်  ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်