ထားဝယ် ဇွန် ၄

 

တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဥပဒေအသိပညာပေးသင်တန်း အမှတ်စဉ် (/၂၀၂၄) ဖွင့်ပွဲကို ဇွန် ၄ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားပြီး ဥပဒေရေးရာဝန်ကြီးဌာနက ပေးပို့သော Video Clip အား ပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ဥပဒေအသိပညာပေးခြင်းနှင့်ပတ်သက်၍ သင်တန်းသား ဆရာ၊ ဆရာမများအား သင်ကြားပို့ချသည်။

 

သင်တန်းတွင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ တာဝန်ရှိသူများက သင်တန်းသား ဆရာ၊ ဆရာမများအား ရာဇသတ်ကြီး၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ တို့ကို ဇွန် ၈ ရက်အထိ ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)