ထားဝယ်   ၇    ဇူလိုင်

 

 

တနင်္သာရီတိုင်းဒေသကြီး လူမှုဖူလုံရေးဦးစီးဌာနက ထားဝယ်မြို့ရှိ အာမခံ အလုပ်သမားများအား တတိယအကြိမ် လူမှုဖူလုံရေး ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးရုံးခန်း၌ ကျင်းပသည်။

 

 

ထိုနောက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က ထားဝယ်မြို့ရှိ စက်ရုံနှင့်အလုပ်ရုံ (၁၃)ခုအတွက် အကျိုးခံစားခွင့် လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်း  ငွေကျပ် စုစုပေါင်း  ငွေကျပ် ၁၃၀၁၃၁၂၄.၃၇ အားပေးအပ်ရာ ကိုယ်စားလှယ်များ က လက်ခံယူသည်။

 

 

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် နှင့်အညီ စက်ရုံ၊ အလုပ်ရုံများအား ပိတ်သိမ်းထားခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများက စစ်ဆေး ဆောင်ရွက်ထားသည့် ညွှန်ကြားချက် နှင့်ကိုက်ညီ၍ ပြန်လည် ဖွင့်လှစ်ခဲ့သော စက်ရုံနှင့် အလုပ်ရုံ(၁၃)ခုဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုဖူလုံရေး ဦးစီးမှူး ဦးစန်းလွင် ထံမှသိရသည်။

 

 

(ထားဝယ်ခရိုင်ပြန်/ဆက်)