ထားဝယ် ဇူလိုင် ၂၅
ထားဝယ်မြို့တွင် မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီရေလာကောင်းမွန်စေရေးအတွက် ထားဝယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များကအဖွဲ့ပိုင်ဘက်ဟိုးစက်များဖြင့်ရေမြောင်းများတူးဖော်ပေးလျက်ရှိရာ ယမန် နေ့ နံနက်ပိုင်း က လေယာဉ်ကွင်းလမ်းမကြီးလမ်းနံဘေးဘေးရေမြောင်းများ တူးဖော်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် စည်ပင်သာယာရေးအဖွဲ့များက အဖွဲ့ပိုင် ဘက်ဟိုးစက်များဖြင့် ထားဝယ်မြို့၊ လေယာဉ်ကွင်းလမ်းမကြီးလမ်း နံဘေး တိုင်းဒေသကြီး အားကစားကွင်းရှေ့မှ ထားဝယ်လေဆိပ်မုခ်ဦးအထိ လမ်းရေကျော်မှု မဖြစ်ပွားစေရေးနှင့် ရေစီး ရေလာ ကောင်းမွန်စေရေးအတွက်ရေမြောင်းများတူးဖော်ခဲ့ကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ပေးနေမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)