ထီးချိုင့် ၂၁ သြဂုတ်
ငါးသယံဇာတ တိုးပွားစေရန်နှင့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုး စိုက်ထူခြင်းအခမ်းအနားအား ယနေ့နံနက် ၈ နာရီက ထီးချိုင့်မြို့ အမှတ်(၃) ရပ်ကွက် ဘုရား(၄) ဆူဆိပ်ကမ်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံဥက္ကဋ္ဌ ဦးစိုးလွင် ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းလှအောင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသန်းအောင်မော်နှင့် ဝန်ထမ်းများ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များနှင့် ရေလုပ်ငန်းရှင်များက ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၃ သိန်းနှင့် ထိုင်းငါးခုံးမ ကောင်ရေ ၁ သိန်းတို့ကို ဧရာဝတီမြစ်အတွင်း မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်