ထီးချိုင့် ၂၈ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူ့စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီက ဆင်ဖြူဆိပ်ကျေးရွာအုပ်စု၊ ဆင်ဖြူဆိပ်ကျေးရွာဘုန်တော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဘဝင်းမှလည်း ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးမှ ပြည်သူ့ စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ စကားဝိုင်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဘဝင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစောမိုးသောင်းထွန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုဦးစီးမှူး ဦးဌေးကျော်ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးဇော်ဦး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မဝေမာထွန်းတို့က ဦးဆောင်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ကျေးလက်နေ ပြည်သူများနှင့် အများဆုံး သက်ဆိုင်သည့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ မွေးမြူရေးဆိုင်ရာ ကဏ္ဍများ ဖွံ့ဖြိုးစေရေး၊ ကျေးလက်လမ်း တံတားလုပ်ငန်းများ အဆင့်တိုးမြှင့်ပေးနိုင်ရေးစသည့် မိမိတို့လုပ်ငန်း ကဏ္ဍများနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသီးသီးဆွေးနွေး ပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ပြည်သူများက သိရှိလိုသော အကြောင်းအရာများကို ဆွေးနွေးမေးမြန်းရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း(ပြန်/ဆက်)